ကျောက်တံတား စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်မှုများကို အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက မြို့နယ်အတွင်းရှိ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်းတစ်လျောက် အများပြည်သူများသွားလာရာနေရာများတွင် မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါကာကွယ်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ Mask Campaign များ အခမဲ့ဖြန့်ဝေခြင်း၊ ပိုးသတ်ဆေးများဖျန်းပေးခြင်းကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိသည်။
ရွှေဇင်ခိုင်(ပြန်/ဆက်)