ကလေးဝ စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ယနေ့နံနက်တွင် စက်တင်ဘာလ (၁၆)ရက်နေ့က ကျရောက်ခဲ့သော ကမ္ဘာ့အိုဇုန်းလွှာနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို အများပြည်သူများ ဖတ်ရှုလေ့လာနိုင်စေရန် လူစည်ကားရာ နေရာများဖြစ်သည့် စက်လှေဆိပ်၊ ကားဂိတ်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ၊ စျေးဆိုင်များနှင့် စည်ပင်သာယာမြို့မစျေး၊ စျေးရှေ့လမ်းတို့တွင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် အိုဇုန်းလွှာအကြောင်းသိကောင်းစရာ၊ အိုဇုန်းလွှာဖွဲ့စည်းပုံ၊ အိုဇုန်းလွှာပျက်ဆီးမှု၏ အကျိုးသက်ရောက်မှုများ၊ အိုဇုန်းလွှာထိန်းသိမ်းရေးအတွက် ဆောင်ရွက်နိုင်သည့်အချက်များနှင့် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များအကြောင်း စသည်ဖြင့်ဖော်ပြပါရှိပြီး လက်ကမ်းစာစောင် အစောင်(၂၀၀)ဖြန့်ဝေခဲ့ကြောင်း ကလေးဝမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှဦးစီးအရာရှိ ဦးရာဇာဝင်းက ပြောကြားခဲ့ပြီး ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ “၃၅နှစ်တာ မွန်ထရီရယ် အောင်မြင်မှုခရီး-သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်းပူးပေါင်းဆောင်ရွက်စို့ (Montreal Protocol@35: global cooperation protecting life on earth) “ ဖြစ်ကြောင်း သိရသည်။
ကိုဇော် (ပြန်/ ဆက်)