သုံးခွ စက်တင်ဘာ ၁၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှအမှတ်(၁၁)ရပ်ကွက် ဆိပ်ကမ်းသာလမ်း(မှော်ဝန်းချောင်း)အတွင်း ယနေ့နံနက် ၉ နာရီအချိန်က ငါးသားပေါက်အကောင်ရေ(၇၅၀,၀၀၀)အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် ငါးသယံဇာတမပြုန်းတီးရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးစာသုံးမှုမြင့်မားလာစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်ပေးရာတွင် အမှတ်(၁၁)ရပ်ကွက် ဆိပ်ကမ်းသာလမ်း (မှော်ဝင်းချောင်း)အတွင်း လှော်ကားစခန်းမှ ငါးမြစ်ချင်းကောင်ရေ(၇၅၀,၀၀၀)ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူးဦးတင်ထွဋ်၊ ခရိုင်ဦးစီးမှူးဦးအေးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးမင်းအောင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးတင့်နှင့်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မှော်ဝန်းချောင်းအတွင်းသို့ ငါးသားပေါက်များလွှတ်ပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်