ပူတာအိုမြို့၌ အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ

ပူတာအို စက်တင်ဘာ ၁၉

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိခြင်းဖြင့် နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန် အတွက် အသား၊ ငါး၊ ကြက်ဥနှင့်ဟင်းသီးဟင်းရွက်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို စက်တင်ဘာ(၁၉)ရက်  နံနက်(၈)နာရီက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ရောင်းချ ပေးသည်။

ထိုသို့ရောင်းချရာတွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေလွယ်ကူစွာ ဝယ်ယူစားသုံးနိုင်ရေး အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင် နှင့် ပူတာအိုတပ်နယ်မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်း (၁၁)မျိုးကို ရောင်းချပေးခဲ့သည်။

အဆိုပါ အခြေခံစားသောက်ကုန်များရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ငွေကျပ် (၁၄၀၀)၊ ဝက်သား တစ်ပိဿာလျှင် ငွေကျပ်(၉၀၀၀)၊ အမဲသားတစ်ပိဿာလျှင် ငွေကျပ်(၉၀၀၀)၊ ဆိတ်သား တစ်ပိဿာလျှင် ငွေကျပ်(၉၀၀၀)၊ ကြက်သားတစ်ပိဿာလျှင် ငွေကျပ်(၉၀၀၀)၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ်(၂၀၀)၊ ဘီစကစ်တစ်ထုပ်လျှင် ငွေကျပ်(၁၆၀၀)၊ နာနတ်သီး တစ်လုံးလျှင်ငွေကျပ်(၇၀၀)၊ ခရမ်းသီးတစ်စည်းလျှင် ငွေကျပ်(၃၀၀)၊ ကန်စွန်းရွက်တစ်စည်းလျှင် ငွေကျပ် (၂၀၀)၊ ချည်ပေါင်ရွက်တစ် စည်းလျှင်ငွေကျပ် (၂၀၀)နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)