သတင်းများ

စစ်ကိုင်းမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Sep 19,2022
စစ်ကိုင်းခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ(၁၉)ရက်၊ နံနက်ပိုင်း စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် (၆၅)နှစ်အထက်သက်ကြီးဘိုးဘွားများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose (စတုတ္ထအကြိမ်) ထိုးနှံပေး
Sep 19,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီ က  နိုင်ငံ့ ဝန်ထမ်းများနှင့်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွားများကို
ကန့်ဘလူမြို့တွင် အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေး ဆက်လက်ရောင်းချပေး
Sep 19,2022
ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အ​ခြေခံ စားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့်  ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ခရိုင်နှင့်မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ကန့်ဘလူမြို့ မြို့တော်ခန်းမတွင် ယနေ့ နံနက် ၇ နာရီကစတင်၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Sep 19,2022
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း အသိပညာပေး ဆွေးနွေးဟောပြော
Sep 19,2022
စစ်ကိုင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သထုံမြို့ရှိ အ.ထ.ကကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး (Mask) များ ဖြန့်ဝေ‌ပေးပြီး အသိပညာပေးဆွေးနွေး
Sep 19,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့ နေ့လည်အချိန်က အခြေခံပညာအထက်တန်းကျောင်းများ၌ နှာခေါင်းစည်း (Mask)များ ဝေငှပေးခြင်း၊ အသိပညာပေးဆွေးနွေးခြင်းများကို လိုက်လံပြုလုပ်ခဲ့ကြသည်။
ပုဏ္ဏားကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign နှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 19,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးလှရွှေနှင့်အဖွဲ့ဝင်များ၊ စစ်ကြောင်းကြီး(၅) ကြောင်းမှ အဖွဲ့ခေါင်းဆောင်များနှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များဦးဆောင်၍ ယနေ့၊ နံနက်(၇)နာရီခွဲက ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ ပြည်သူလူထုများ စည်ကားသွားလာမှုများသည့် မြို့အဝင်လမ်းနှင့်မြို့မဈေးကြီးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်ုသူတို့ကို Mask Campaign နှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Sep 19,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ် အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ပုရွက်ဆိတ်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(သစ်လေးလုံး)နှင့် ကျီးအင်းကျေးရွာတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။