သတင်းများ

ကျောက်ဖြူမြို့ရှိ လူစည်ကားရာနေရာများ၊ အခြေခံပညာကျောင်းများနှင့် လေဆိပ်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 19,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများ၊ ဈေးများ၊ အခြေခံပညာကျောင်းများနှင့် လေဆိပ်နေရာများသို့ သွားရောက်၍  Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
မုံရွာမြို့၌ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ကျင်းပ
Sep 19,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့‌နံနက် ၁၀ နာရီအချိန်က ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကိုကျင်းပရာ မုံရွာခရိုင် ကလေးအလုပ်သမား ပပျောက်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် လုပ်ငန်းကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
မိုင်းကိုင်မြို့နယ်တွင် နှာခေါင်းစည်း mask များ အခမဲ့ဖြန့်ဝေ
Sep 19,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွား မှုမရှိစေရေး နှာခေါင်းစည်း mask များ အခမဲ့ဖြန့်ဝေခြင်းကို  ယနေ့မနက် ၁၀ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးတလျှောက်၌
ဂွမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများသို့ ရောင်းချပေး
Sep 19,2022
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဂွတပ်နယ်မှ အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ဂွမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့်လည်း ပူးပေါင်းလျက် ဆန်နှင့် ဟင်းသီးဟင်းရွက်များပါဝင် ရောင်းချပေးခြင်းကို ယနေ့ နံနက်(၇)နာရီအချိန်က ဂွမြို့စည်ပင်သာယာပန်းခြံရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်တွင် နံရံကပ်စာစောင်နှင့် နယ်လှည့်ဟောပြောပွဲကျင်းပ
Sep 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးနှင့် ဝန်ထမ်းများသည် ယနေ့မွန်းလွဲ ၂ နာရီက ပါမိုင်ရပ်ကွက်အတွင်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ နံရံကပ်စာစောင်နှင့် နယ်လှည့်ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Sep 19,2022
စစ်ကိုင်းခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ(၁၉)ရက်၊ နံနက်ပိုင်း စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် (၆၅)နှစ်အထက်သက်ကြီးဘိုးဘွားများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose (စတုတ္ထအကြိမ်) ထိုးနှံပေး
Sep 19,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီ က  နိုင်ငံ့ ဝန်ထမ်းများနှင့်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွားများကို
ကန့်ဘလူမြို့တွင် အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေး ဆက်လက်ရောင်းချပေး
Sep 19,2022
ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အ​ခြေခံ စားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့်  ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ခရိုင်နှင့်မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ကန့်ဘလူမြို့ မြို့တော်ခန်းမတွင် ယနေ့ နံနက် ၇ နာရီကစတင်၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။