ဂွမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများသို့ ရောင်းချပေး

ဂွ စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဂွတပ်နယ်မှ အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ဂွမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့်လည်း ပူးပေါင်းလျက် ဆန်နှင့် ဟင်းသီးဟင်းရွက်များပါဝင် ရောင်းချပေးခြင်းကို ယနေ့ နံနက်(၇)နာရီအချိန်က ဂွမြို့စည်ပင်သာယာပန်းခြံရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စီစဉ်ဆောင်ရွက်မှုဖြင့်  ဂွတပ်နယ်မှ အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ထွန်းလင်းနှင့် ဝန်ထမ်းများက ပေါ်ဆန်းမွှေး ၁ပြည် ၂၅၀၀ကျပ်နှုန်း၊ ဧရာမင်းဆန် ၁ပြည် ၂၀၀၀ကျပ်နှုန်းနှင့် ဆင်းသွယ်လတ် ၁ပြည် ၁၅၀၀ကျပ်နှုန်းဖြင့်  ဆန်ပြည် ၃၀၀ ကိုလည်းကောင်း၊ ပဲတောင့်ရှည် ၁စည်း ၁၀၀ကျပ်နှုန်းဖြင့် (၁၀၀)စည်း၊ချည်ပေါင်၁စည်း ၂၅ကျပ်နှုန်းဖြင့် (၁၀၀) စည်း၊ ကင်ပွန်းချည်၁စည်း ၅၀ကျပ်နှုန်းဖြင့် (၁၀၀)စည်း၊ ရေကန်စွန်းရွက် ၁စည်း ၂၅ကျပ်နှုန်းဖြင့် (၂၀၀) စည်းတို့အား ရပ်ကွက်နေပြည်သူများထံသို့  ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော် (ပြန်/ ဆက်)