မိုင်းကိုင်မြို့နယ်တွင် နှာခေါင်းစည်း mask များ အခမဲ့ဖြန့်ဝေ

မိုင်းကိုင် စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွား မှုမရှိစေရေး နှာခေါင်းစည်း mask များ အခမဲ့ဖြန့်ဝေခြင်းကို  ယနေ့မနက် ၁၀ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးတလျှောက်၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်−၁၉ ရောဂါထိန်းချုပ် ကာကွယ် ကုသရေး ကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မှ တပ်မတော်သားများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့တို့က လမ်းမကြီးတလျှောက် ဖြတ်သန်းသွားလာနေသော  မိဘပြည်သူများအား နှာခေါင်းစည်း mask များ  အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံကြရန် တိုက်တွန်းခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ရောဂါကာကွယ်ရေးနည်းလမ်းများကို  လိုက်နာကြရန်  အသိပညာပေးခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်