သတင်းများ

ပေါင်မြို့နယ်တွင် မြို့နယ်ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ Mask Campaign ဆောင်ရွက်
Sep 19,2022
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မြို့နယ်ဆရာဝန်​​ကြီးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး Mask Campaign ဆောင်ရွက်ခြင်းတို့ကို ယနေ့ နံနက်က ပြုလုပ်ခဲ့ကြသည်။
ဂွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များရေးဆွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 19,2022
ဂွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များရေးဆွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တမူးမြို့တွင် ပုံစံ (၈)ဝင် အင်ကညင် သစ်လုံး/ ခွဲသားများအား လေလံတင် ရောင်းချ
Sep 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ပုံစံ (၈) ဝင် အင်ကညင်သစ်လုံး/ ခွဲသားများအား စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းကို သြဂုတ်လ(၁၉) ရက်နေ့ နံနက်(၁၀) နာရီအချိန်က ခရိုင်သစ်တောဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
နာဂဒေသလဟယ်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းဆွေးနွေး
Sep 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နာဂဒေသအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းအား ပြည်သူများသို့ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းဘူးခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း
Sep 19,2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းဘူးခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြု လုပ်ငန်းအဖြစ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၉ ရက်၊ (ယနေ့) နံနက် ၉ နာရီ အချိန်က မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ကျေးရွာသုံးထင်းစိုက်ခင်းမှ ထွက်ရှိသည့် ထင်းများအား ကျေးရွာနေပြည်သူများထံ အခမဲ့ ဖြန့်ဝေပေး
Sep 19,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သော သစ် ၊ တိုင် ၊ မျော ၊ ထင်း အစရှိသည့် သစ်တောထွက်ပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးကို အထောက်အကူပြုစေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်၍ ၂၀၁၆ ခုနှစ်၊ မိုးရာသီ၌ တည်ထောင်စိုက်ပျိုးခဲ့သည့် ကျေးရွာသုံးထင်းစိုက်ခင်းမှ ထွက်ရှိသည့် ထင်းများအား ကျေးရွာနေပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၁
ဆားလင်းကြီးမြို့တွင် ပြည်သူများသို့ အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Sep 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့တွင် ဒေသခံပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ရည်ရွယ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များအား ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၈နာရီ အချိန်က  အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်ခန်းမရှေ့တွင် ရောင်းချပေးခဲ့သည်။
ကျောက်ဖြူမြို့ရှိ လူစည်ကားရာနေရာများ၊ အခြေခံပညာကျောင်းများနှင့် လေဆိပ်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 19,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများ၊ ဈေးများ၊ အခြေခံပညာကျောင်းများနှင့် လေဆိပ်နေရာများသို့ သွားရောက်၍  Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။