ကမမောင်း စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား Covid-19 RDTစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်း(၁၁)နာရီချိန်ကစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား/သေဆုံးမှုကို လျှော့ချနိုင်ပြီးကျောင်းနေအရွယ်ကလေးလူငယ်များ ပညာသင်ယူခွင့် အခွင့် အလမ်းများ ကောင်းစွာရရှိရေးအတွက်ရည်ရွယ်၍ ဆရာ/ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ Covid -19 RDT စစ်ဆေးပေးရာတွင် ကမမောင်းမြို့ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီဝန်ထမ်းများက ကမမောင်းမြို့ အခြေ ခံပညာအထက်တန်းကျောင်းတွင် ဆရာ/ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူ(၁၀၉)ဦးအား စစ်ဆေးရာတွင် ဆရာ(၁)ဦး၊ဆရာမ (၃)ဦး၊ကျောင်းသူ(၁)ဦး၊စုစုပေါင်း(၅)ဦးအားCovid-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး အဆိုပါပိုးတွေ့ လူနာများအားသီးသန့်ဘော်ဒါဆောင်တွင် ထားရှိပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို စနစ်တကျဆောင်ရွက်ပေးထားကြောင်း သိရသည်။
တင်တင်လှ(ကမမောင်း)ပြန်/ဆက်)