သတင်းများ

စမ်းချောင်းမြို့နယ်တွင် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပ
Jul 06,2022
ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ကို ကျောင်းသား၊ ကျောင်းသူများ အမှတ်ရစေရန်ရည်ရွယ်၍ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေး
Jul 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများမှ Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နေ့လည်(၁)နာရီအချိန်က မြစ်သားမြို့နယ်စီမံကိန်းရုံးနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှိ ဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်လက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
သရက်မြို့၌ စံမညီဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေး
Jul 06,2022
မကွေးတိုင်းဒေသကြီး သရက်မြို့အတွင်း ရောင်ချလျက်ရှိသည့် ဆေးဆိုင်များအား စံမညီဆေးဝါးများ ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ဆေးဆိုင်များအတွင်း ရောင်းချလျက်ရှိသည့် ဆေးဝါးများတွင် အဆိုပါစံမညီ ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ စစ်ဆေး၍ အသိပညာပေးခဲ့သည်။
မင်းပြားမြို့၌ ငါးသလောက်မျိုးစိတ်ကာကွယ်ထိန်းသိမ်းရေး ကွင်းဆင်းဆောင်ရွက်
Jul 06,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ငါးလုပ်ငန်း​ဦးစီးဌာနမှ ငါးသလောက်မျိုးစိတ် ကာကွယ်ထိန်းသိမ်းရန်မင်းကြောင်းမြစ်အတွင်း ယမန်နေ့က ငါးလုပ်ငန်းစစ်ဆေးရေးယာဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
စမ်းချောင်းမြို့နယ်၌ (၇၅) ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 06,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ (၇၅)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၈)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှဖိတ်ခေါ်သော  ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်ရန် လားဟူ ဒီမိုကရက်တစ်ပါတီမှ ဦးဆော်လမွန်ဦးဆောင်သောအဖွဲ့ တာချီလိတ်သို့ရောက်ရှိ
Jul 06,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖိတ်ခေါ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လားဟူဒီမိုကရက်တစ်ပါတီ (LDU)မှ ဦးဆော်လမွန် ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှတဆင့် တာချီလိတ်မြို့သို့ ရောက်ရှိခဲ့သည်။
ကျိုင်းတုံမြို့ အထက -၂ ၌ ကျောင်းကောင်စီကတိသစ္စာခံယူခြင်း အခမ်းအနားကျင်းပ
Jul 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။
လားရှိုးမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ဦးဆောင်းနှင့် ဂျူတီကုတ်အပ်နှင်းပွဲအခမ်းအနား ကျင်းပပြုလုပ်
Jul 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လာရှိုးမြို့သူနာပြုနှင့်သားဖွားသင်တန်းကျောင်းခန်းမ၌ ဦးဆောင်းနှင့် ဂျူတီကုတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ