ဒဂုံမြို့သစ်(တောင်ပိုင်း)၌ မြို့နယ်စည်ပင်မှ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုအား ဒုတိယမြို့တော်ဝန်မှ ကွင်းဆင်းကြည့်ရှု
Jul 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးဌာနမှ မြို့နယ်အတွင်းရှိ ဘုရားစေတီများ၊ စာသင်ကျောင်းများ၊ တက္ကသိုလ်ကျောင်းများ၊ မူလတန်းကြိုကျောင်းများ၊ အဓိကလမ်းမကြီးများ၊ အထင်ကရနေရာများတွင် သန့်ရှင်းသာယာလှပစေရေး၊ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး၊ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ခြင်အန္တရာယ်ကင်းဝေးစေရေး ရေမြောင်းများမှအမှိုက်များ ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းများကို ပြည်သူ့အကျိုးပြု ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၅)ရပ်ကွက်၊ ထားဝယ်လမ်းမကြီးနှင့် မြို့နယ်အားကစားကွင်းဘေးတို့တွင် သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ကြသည်။