လွိုင်လင် စက်တင်ဘာလ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (community centre) ခန်းမတွင် ယနေ့ နံနက် (၁၀) နာရီက ကျောင်းသားလူငယ်များ ကာယ၊ဉာဏစွမ်းရည်တိုးတက်စေရန် ရည်ရွယ်၍ ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးမှ ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများကို ဘောလုံးကောက်ပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ် (Table Tennis)ပြိုင်ပွဲက စားနည်းများကို ယှဉ်ပြိုင်စေခဲ့ကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)