ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံ၊ တိုက်‌ကျွေး

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၂၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းတွင် ကိုဗစ် -၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင်(၂လ၊ ၄လ၊ ၆လ၊ ၉လမှ တစ်နှစ်ခွဲအရွယ်အထိ) ကလေးငယ်များ၏ အသက်အပိုင်း အခြားအလိုက်(ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်စသည့် ငါးမျိုးစပ်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေး တိုက်ကျွေးခြင်းတို့အပြင် ပေါင်ချိန်ပေးခြင်း၊ ကလေးငယ်များအတွက်  အခြားကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများအပြင် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဝေယံ(IPRD)