သတင်းများ

ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Sep 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊  ကွမ်းခြံကုန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတများစွာရရှိနိုင်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ကကွမ်းခြံကုန်းမြိုအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင်ကျင်းပခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေး စစ်ဆေးဆောင်ရွက်
Sep 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းရှိစေရေး ပညာပေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့အဝင်၊ အထွက် ကြိုဆိုပါ၏လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 21,2022
မန္တလေးတိုင်းဒေသကြီး၊ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီလုပ်ငန်းကော်မတီအစည်းအဝေး ၁/၂၀၂၂ နှင့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ချမ်းအေးသာစံမြို့နယ်၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ခ​မောက်ကြီးမြို့၊ ထိုင်း-မြန်မာနယ်စပ် မာရမ်းကျေးရွာတွင် မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရန် Mask Campaign လှုပ်ရှားမှုဆောင်ရွက်
Sep 21,2022
တနင်္သာရီတိုင်းဒေသကြီး၊​ ကော့​သောင်းခရိုင်၊ ခ​မောက်ကြီးမြို့၊ ထိုင်း-မြန်မာနယ်စပ် မာရမ်းကျေးရွာတွင် မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါကူးစက်မှုမရှိစေရန် Mask Campaign လှုပ်ရှားမှုဆောင်ရွက်ခြင်းကို ယ​မန်နေ့နံနက်ပိုင်းက မာရမ်းကျေးရွာဆေးရုံအနီး ရှမ်းကိုးရွာ ပတ်လမ်းမကြီး၌ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                   
ယာဥ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှုရှိစေရေး ကြပ်မတ်ဆောင်ရွက်
Sep 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်း ယာဥ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ဆောင်ရွက်ခဲ့သည်။
ကလိန်အောင်မြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေး
Sep 21,2022
စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်၊ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြား တတ်လာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ Mobile Library စနစ်ဖြင့် သုတ/ရသ စာအုပ်များအခမဲ့သွားရောက်ငှားရမ်းပေးခြင်းကို ယနေ့  နံနက်(၁၀)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
ပြည်မြို့နယ် မြောက်နဝင်းရွာသစ် ကျေးရွာပြည်သူများအတွက် စားအုန်းဆီများဈေးနှုန်းသက်သာစွာ ရောင်းချပေးကာ ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Sep 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ မြောက်နဝင်းရွာသစ် ကျေးရွာပြည်သူများအတွက် သတ်မှတ်ရည်ညွှန်းဈေးဖြင့် စားအုန်းဆီများဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်၍ ပါးစပ်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို 
မြန်အောင်မြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး စစ်ဆေးကြပ်မတ် အသိပညာပေးခြင်းများ ဆောင်ရွက်
Sep 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း ယနေ့ နံနက် ၄ နာရီအချိန်မှစ၍ မြို့အဝင် အထွက်လမ်းဆုံများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး စစ်ဆေးအသိပညာပေးခြင်းများကို နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။