ပခုက္ကူမြို့နယ်တွင် ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်ခုနှစ်လုံးအတွက် ထောက်ပံ့ငွေပေးအပ်

ပခုက္ကူ စက်တင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြင်းကျွန်းကျေးရွာတွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်းက ဧရာဝတီမြစ်ရေကြီးပြီးကမ်းပါးပြိုကျမှုကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်ခုနှစ်လုံးအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၌ ကျင်းပကြောင်း သိရသည်။

ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာအုပ်စု၊ မြင်းကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ရေကြီးပြီးကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ပြီး ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော လူနေအိမ်ခုနစ်လုံး၊ အိမ်ထောင်စုခုနစ်စု၊ လူဦးရေ (၃၀) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်းထောက်ပံ့ငွေကျပ် (၇) သိန်းတို့အား ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာရွှေနှင့် ဝန်ထမ်းများက ကမ်းပါးပြိုဘေးသင့် အိမ်ထောင်စု များထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြကြောင်း သိရသည်။ အဆိုပါမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)