သုံးခွ စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အ.ထ.က(မြို့မ) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဌေးနိုင်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်းတပ်ဆင်ကြစေလိုကြောင်း၊ ကျန်းမာရေးကိုဂရုစိုက်ကြရန်နှင့်ကျန်းမာရေးကောင်းမွန်ဖို့ ကိုယ်လက်လှုပ်ရှားအားကစားနည်းများကို လေ့လာလိုက်စားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက်အ.ထ.က(မြို့မ)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းကြည်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးကလည်း စာဖတ်ခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး မြို့နယ်အားကစားမှူး ဦးခုပ်စွမ်းခိုင်က အားကစားနှင့်ပက်သက်သည့် အင်အားနှင့်ဉာဏ်ရည်ကို အသုံးချလှုပ်ရှား ယှဉ်ပြိုင်မှု၊ ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစား၊ လူထုအားကစားအကြောင်းအရာများနှင့် အားကစားပြုလုပ်ရခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများ၊ ပြောကြားသည့်အပြင် လူငယ်နှင့်ခေါင်းဆောင်မှုခေါင်းစဉ်ဖြင့် သစ္စာရှိမှု၊ တာ၀န်ကျေပွန်မှု၊ လေးစားတတ်မှု၊ ကိုယ်ကျိုးစွန့်မှု၊ ဂုဏ်သိက္ခာရှိမှု၊ ဖြောင့်မတ်မှု၊ ရဲစွမ်းသတ္တိရှိမှုများ ထားရှိစေလိုကြောင်းစသည့် အကြောင်းအရာများကို ကျောင်းသား/သူ (၂ဝ၀)ဦးတို့အား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်အားကစားမှူးမှ ကျောင်းသား/သူများ ကျန်းမာသုခကို ရရှိစေရန်နှင့်အားကစားကို စိတ်၀င်စားလာစေရန်အတွက် အားကစားပစ္စည်းများကို အ.ထ.က(မြို့မ)ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကိုဗစ်-၁၉ရောဂါအကြောင်း သိကောင်းစရာများ၊ မျောက်ကျောက်ရောဂါဖြစ်ပွားတတ်သည့်လက္ခဏာများ၊ လူကုန်ကူးမှုဖြစ်ပွားတတ်သည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သဘာဝဘေးအန္တရာယ်အကြောင်းသိကောင်းစရာများစသည့် နံရံကပ်စာစောင်များကို ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြကြောင်း သိရသည်ll
အဆိုပါအသိပညာပေးဟောပြောပွဲကို မြို့နယ်ပညာရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန မြို့နယ်အားကစားဦးစီးဌာနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
စည်သူလင်း ပြန်/ဆက်