လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန်ရေး အုတ်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

လိပ်သို ဇူလိုင် ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့သည် နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရန်၊ မြို့သန့်ရှင်းသာယာလှပစေရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်၊ မိုးရေတိုက်စား၍လမ်းများပျက်စီးမှုမရှိစေရန် ရည်ရွယ်၍ လိပ်သိုမြို့တွင်းရှိ လိုအပ်သောနေရာများတွင် လုပ်ငန်းပမာဏ ၂(၈၅၀ ပေ × ၁.၆ ပေ × ၂ ပေ) ရှိ အုပ်စီရေမြောင်း တူးဖော်တည်ဆောက်ရေးလုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ရေစီးရေလာကောင်းမွန်လျက်ရှိကြောင်း သိရသည်။

အဆိုပါအုပ်စီရေမြောင်းတူးဖော်တည်ဆောက်ခြင်းလုပ်ငန်းများကို ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ် ၅၂၇ သိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သို(ပြန်/ဆက်)