ပေါင်းတည်မြို့နယ်အတွင်း ရောင်းချနေသော Mistine အလှကုန်ပစ္စည်းများ သတ်မှတ်ထားသောကုန်ညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှု ရှိ/မရှိ စစ်ဆေး

ပေါင်းတည် ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် အတွင်းအလှကုန်ဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော Mistineအလှကုန်ပစ္စည်းများတွင် သတ်မှတ်ထားသော လိုဂိုရောင်ပြန်တံဆိပ် ကပ်ထားခြင်း ရှိ/မရှိ၊ မြန်မာစာများရေးသားပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်းကိုစားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုကိုခံယူလျက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံနှင့်စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်၉နာရီခွဲက မြို့မစျေးအတွင်း ဖြန့်ဖြူးရောင်းချနေသော အလှကုန်ဆိုင်များတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုတိယဦးစီးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် စီးပွားကူးသန်းဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံဦးနိုင်ဝင်းသိန်းနှင့်ဝန်ထမ်းများက မြို့မစျေးအတွင်းဖြန့်ဖြူး ရောင်းချနေသော Mistineအလှကုန်ပစ္စည်းများတွင် သတ်မှတ်ထားသောလိုဂိုရောင်ပြန် တံဆိပ်ကပ်ထားခြင်းရှိမရှိ မြန်မာစာများရေးသားပါဝင်မှူရှိမရှိကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)