ရန်ကင်း ဇူလိုင် ၂၇
ရန်ကင်းမြို့နယ်တွင် သစ၂၇-၇-၂၀၂၂ ရက်နေ့ ၀၉:၀၀ အချိန်၊ အမှတ် (၁၄) ရပ်ကွက် မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာ့ ဗိမာန်တော်ကြီးတွင် Sinopharm/ Sinovac ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့် ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster(covid shield /Myancopharm) အား ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ ပထမအကြိမ် အသက် ၁၈ နှစ်အထက် ကျောင်းသား/သူ၊ ပြည်သူများအား (Covaxin) ကာကွယ်ဆေး၊ အသက်၁၅နှစ်နဲ့ ၁၈နှစ်အထိ ကျောင်းပြင်ပကလေးများအား (Sinovac) ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ပရဟိတအသင်းဝင်များ၊ ကဿ်ခြေနီတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ကိုစနစ်တကျ ဆေးကြောစေခြင်း၊ ခြောက်ပေကွာမှာ စောင့်ဆိုင်းစေခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးသူများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စောင့်ကြည့်ပြီး ကျန်းမာရေးအခြေအနေကောင်းမွန်မှ အိမ်သို့ပြန်လည်စေလွှတ်ခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
အိရွှေစင်