ဒဂုံတက္ကသိုလ်၌ ပညာသင်ကြားနေသော တက္ကသိုလ်ကျောင်းသား/သူများ ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် လွမ်းခြုံမှုရှိစေရန် Booster Dose(Covield Shield) ထိုးနှံ

ဒဂုံအရှေ့ ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်၌ ပညာသင်ကြားနေသော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကာကွယ်ဆေးရာနှုန်းပြည့် လွမ်းခြုံမှုရှိစေရန် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose(Covid Shield) အားဒဂုံတက္ကသိုလ်ကျောင်း၌ ယမန်နေ့ နံနက်ပိုင်းအချိန်က ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒဂုံတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများBooster Dose(Covid Shield) ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာနဝန်ထမ်းများ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဒဂုံတက္ကသိုလ်မှတာဝန်ခံဌာနမှူးများ ပါဝင်သောပူးပေါင်းအဖွဲတို့မှ လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၎င်းနောက် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose (CovidShield) ထိုးနှံရာတွင်‌ ဒဂုံတက္ကသိုလ်မှ ကျောင်းသား (၅၅) ဦး၊ ကျောင်းသူ (၃၀၅) ဦး၊ စုစုပေါင်း (၃၆၀) ဦးအား ထိုးနှံ ပေးခဲ့ကြောင်း သတင်းရသည်။

ဝင်းအိမွန်(ပြန်/ဆက်