သတင်းများ

ရခိုင်ပြည်နယ် တရားလွှတ်တော်၌ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်း
Jul 26,2022
တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရခိုင်ပြည်နယ် တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနား ဓနုဖြူ၌ ကျင်းပ
Jul 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာ၊ ရွှေဘုံသာဘုန်းကြီးကျောင်းတွင် ဓနုဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့၊ ဇူလိုင်လ ၂၆ ရက်နေ့၊ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
မြစ်ကြီးနားမြို့၌ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 26,2022
ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြည်နယ်ပြန်လည်ထူးထောင်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို မြစ်ကြီးနားမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း မဉ္ဇူသကခန်းမ၌ ယမန်နေ့ နံနက် (၉)နာရီက ကျင်းပခဲ့သည်။
နတ်မောက်မြို့၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 26,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ မိုးရွာသွန်းမှုကြောင့် သစ်ပင်များလဲကျမှုအား ပူးပေါင်းရှင်းလင်းဆောင်ရွက်
Jul 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက မိုးရွာသွန်းမှုကြောင့် (၄၆) ရပ်ကွက်၊ ဗိုလ်စောဦးလမ်းနှင့် (၄၉)ရပ်ကွက်၊ ဗိုလ်နက်ကျော်လမ်း သစ်ပင်များလဲကျမှုအား ပူးပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပ
Jul 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူငယ်နှင့်စာ‌ပေ ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယမန်နေ့ မွှန်းလွှဲ (၃)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။
မိုးတွင်းကာလ၌ မအီမြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသနေပြည်သူများ မျှစ်ချိုးရောင်းချခြင်းဖြင့် အဆင်ပြေ
Jul 26,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့နယ်၊ မအီချောင်းဖျားရှိ တောင်ပေါ်ဒေသနေ ပြည်သူများမှာ မိုးတွင်းကာလတွင် သဘာဝအလျောက် ရာသီအလိုက် ပေါက်ရောက်သည့် မျှစ်များကို ချိုးယူရောင်းချခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စားဝတ်နေရေးအတွက် သင့်တင့်စွာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။