သတင်းများ

ဒေးဒရဲမြို့နယ်၌ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ   ဆက်လက်ထိုးနှံပေး
Jul 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါ ကူးစက် ပြန့်ပွားမှုကို တားဆီးနိုင်ရန် ရည်ရွယ်၍  အသက် (၅)နှစ်မှ (၁၅)နှစ်ထိ  အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို  ယမန်နေ့ နံနက်ပိုင်းက  မြို့ပေါ် သာသနာ့ဗိမာန်တော်ကြီးနှင့်ကျေးရွာများရှိ အခြေခံပညာ ကျောင်းများတွင်  ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)ပုံစံများအား Software  Program ဖြင့် ထည့်သွင်း ရိုက်ကူးခြင်း ဆောင်ရွက်
Jul 26,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များအား Software Programဖြင့် ထည့်သွင်း ရိုက်ကူးခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများနှင့် စုပေါင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယ‌နေ့ နံနက် ၁၀ နာရီက ကြည့်ရှုစစ်ဆေး ခဲ့သည်။
ပွင့်ဖြူမြို့နယ် ဝဲဒေါင့်ကျေးရွာတွင်  မြေအောက်ရေဖြင့် ကွမ်းစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်း
Jul 26,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဝဲဒေါင့်ကျေးရွာတွင် မြေအောက်ရေဖြင့် ကွမ်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများ အောင်မြင်ဖြစ်ထွန်းပြီး  ကွမ်းရွက်များ လှိုင်လှိုင်ဆွတ်ခူး ရောင်းချနေရ၍ နေ့စဉ် သီးနှံဝင်ငွေရရှိနေကြောင်း အဆိုပါ ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
အောင်လံခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jul 26,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ အောင်လံခရိုင်အုပ်ချုပ်ရေးမှူး မြင့်သန်းနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
နာဂဒေသ၊ ပန်ဆောင်မြို့၌ ဒေသထွက် မက်မန်းချီုသီးများ အရင်နှစ်ကထက် စျေးကောင်းရရှိ
Jul 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် ရာသီပေါ်သီးနှံတစ်ခု ဖြစ်သည့် မက်မန်းချီုသီးများ ပေါများစွာ ထွက်ရှိသဖြင့် ယခုနှစ်ထက် ပိုမို၍ စျေးကောင်းရရှိကြောင်း သိရသည်။
ဖား​ဆောင်းမြို့နယ်၌ ဆီထွက်သီးနှံ မိုး​​နေကြာ(​ရေဆင်း-၁)စံပြစိုက်ခင်းများ ​အောင်မြင်ဖြစ်ထွန်း​နေမှုအား ကွင်းဆင်းကြည့်ရှု
Jul 26,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်း ဆီထွက်သီးနှံ မိုး​နေကြာ (​ရေဆင်း-၁)စိုက်ဧကစိုက်ပျိုးထားရှိမှုနှင့်​ အောင်မြင်ဖြစ်ထွန်း​နေမှုအား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များက ယ​နေ့နံနက် ၈ နာရီ အချိန်တွင် ပါပုကျေးရွာ​နေ ​တောင်သူဦးဘီစနူး၏ ယာ​မြေ​နေရာ၌ စိုက်ပျိုးထား​သော မိုး​နေကြာ (​ရေဆင်း-၁) စံပြစိုက်ခင်း ၂ ဧက ​နေရာသို့ ကွင်းဆင်းကြည့်ရှုခဲ့​ကြောင်း သိရသည်။
တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ကျင်းပ
Jul 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် အလယ်တန်း အဆင့် ကျောင်းသား/ကျောင်းသူလေးများ၏ စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယနေ့ နံနက် (၈) နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့သည်။
နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်
Jul 26,2022
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လည်ပိုင်း (၂)နာရီက ဝန်ထမ်းများ အရည်အသွေးမြင့်မားရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ပြုလုပ်လျက်ရှိရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေစာအုပ်ပါ အခန်း(၁၈) ဌာနဆိုင်ရာစစ်ဆေးမှုနှင့် အခန်း(၁၉) ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်များအကြောင်းကို စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။