သတင်းများ

မြင်းခြံမြို့နယ် ဆားခါးကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေးအတွက် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံ
Sep 22,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သည့် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး၊ အေးချမ်းတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က ဆားခါးကျေးရွာရွှေကျောင်း ဘုန် းကြီးကျောင်းတွင် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မင်းလှမြို့တွင် မိုးစပါး၊ နွေစပါးနှင့် နေကြာစိုက်ပျိုးသည့် တောင်သူများကို ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချခြင်းနှင့် နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်
Sep 22,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါး၊ နွေစပါးနှင့် နေကြာစိုက်ပျိုးသည့် တောင်သူများကို ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချခြင်းနှင့် နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီချိန်ကပြုလုပ်သည်။
ကမမောင်းမြို့  လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Sep 22,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် စာရေးဆရာ "ရွှေဥဒေါင်း"ရေးသားသည့် "အာဟာရနှင့်ကျန်းမာရေး" စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ဗိုလ်တထောင်မြို့နယ်၊ အ.ထ.က(၆)ကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြော
Sep 22,2022
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၁၀)ရပ်ကွက်၊ အ.ထ.က(၆)ကျောင်းတွင်၊ ကျောင်းသားများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက အမှတ်(၃၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး၊ ဒုရဲမှူးဆန်းညွန့်ဦး ဦးဆောင်၍ ကျောင်းသားများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။  
ကလောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်
Sep 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်ကျောင်း(ခွဲ)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ် စည်သာယာမူလတန်းလွန်ကျောင်းတွင် စာအုပ်/စာစောင်ပြပွဲ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောဆောင်ရွက်
Sep 22,2022
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်၊ စာအုပ်/စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက စည်သာယာရပ်ကွက်ရှိ မူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
တောင်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပ
Sep 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူငယ်နှင့်ယဥ်‌ကျေးမှုခေါင်းစဉ်ဖြင့်ဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်ဒုံမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose  ထိုးနှံပေး
Sep 22,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် နေထိုင်သည့်ပြည်သူများ ကိုဗစ်ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်စေရေးအတွက် ယနေ့နံနက် ၉ နာရီက ဟောင်သရောခန်းမ၌ ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ကျိုက်ဒုံမြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခဲ့ကြောင်း သိရသည်။