သတင်းများ

သာယာဝတီမြို့၌ ငရုတ်သီးစိမ်းများ ဈေးကောင်းရရှိ၍ ငရုတ်စိုက်တောင်သူများ အဆင်ပြေ
Sep 23,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ယခုအခါတွင် ဈေးကွက်ဝင်ငရုတ်သီးစိမ်းများ ဈေးကောင်းရရှိနေကြောင်း ငရုတ်စိုက်တောင်သူများထံမှ သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများအား အပိုဆောင်း ကာကွယ်ဆေး (Booster)များ ထိုးနှံပေးလျက်ရှိ
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦးကူးစက်မှု လျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ (Booster) အပိုဆောင်းထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် ဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်
Sep 23,2022
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် လမ်းသွားလမ်းလာ ပြည်သူများနှင့်
ချောင်းသာမြို့၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်း (Booster) ထိုးနှံပေး
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ် ကာကွယ်ဆေး(Booster) ကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ချောက်းသာတိုက်နယ် ကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပြင်ဦးလွင်မြို့ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းတွင် ပန်းအလှပြင်နည်းပို့ချ
Sep 23,2022
အခမ်းအနားများပွဲများ ပြင်ဆင်ရာတွင် ပန်းများဖြင့် အလှပြင်ဆင်နည်း၊ ပန်းအလှထိုးနည်းများကို သိရှိစေရန်ရွယ်၍ ပြင်ဦးလွင်ခရိုင် ခရိုင်အမျိုးသမီးကော်မတီမှ ကြီးမှူး၍ ပန်းအလှပြင်နည်းသင်တန်းကို ယမန်နေ့မွန်းလွဲ (၁) နာရီက အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းရှိ ပညာရတနာခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ပန်းတောင်းမြို့နယ် ကြို့ကုန်းကျေးရွာတွင် ဆောင်းနေကြာစိုက်ပျိုးထားသောတောင်သူအား စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းမေးမြန်း
Sep 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မကျီးထုံးအုပ်စု ကြို့ကုန်းကျေးရွာတွင် ဆောင်းနေကြာစိုက်ပျိုးထားသောတောင်သူအား စားသုံးသူရေးရာဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းမေးမြန်းခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် စာဖတ်ရှိန်မြင့်တင်ရေး ဟောပြောပွဲဆောင်ရွက်
Sep 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်  ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတရရှိစေရေး အတွက်စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ လားရှိုးမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ (၁)နာရီ အချိန်က ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကျောင်းကုန်းမြို့နယ်၌ ပြည်သူများအား နှာခေါင်းစည်း mask များ ဖြန့်ဝေပေးခြင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့အဝင်လမ်းဆုံတွင် ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်က ပြည်သူများအား နှာခေါင်းစည်း mask များ ဖြန့်ဝေပေးခဲ့ခြင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။