ရွှေဘိုမြို့၌ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြင့်ပွဲအခမ်းအနား ကျင်းပ

ရွှေဘို  စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်​ရွှေဘိုမြို့ အမှတ်(၂)အ​ခြေခံပညာအထက်တန်း​ကျောင်း​ရွှေရတုခန်းမ၌ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယ​မန်နေ့နံနက် ၉နာရီချိန်က ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ အမှတ်(၈)စစ်အ​ခြေခံ​လေ့ကျင့်​ရေးတပ်၊ တပ်နယ်မှူးနှင့်ဇနီး၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်ပညာ​ရေးမှူးနှင့် ဆရာဆရာမများ၊ ဆုရ​ကျောင်းသား​ကျောင်းသူများ၊ မိဘများတက်​ရောက်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ​ကျောင်းသား/​ ကျောင်းသူ​လေးများက ဇာတိမာန်သီချင်းသီဆိုကာ အခမ်းအနားဖွင့်လှစ်​ပေးခဲ့ပြီး၊​ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အမှာစကား​ပြောကြားရာ၊ မိမိတို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေရန် အဓိကမှာ ပညာရေး စနစ်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများအ​နေဖြင့် ကျောင်းစာသာမက စာရိတ္တပိုင်းတွင်လည်း ထူးချွန်ထက်မြက် တော်စေချင်ပါကြောင်း၊ မိမိတို့လူမှုအသိုင်းအဝိုင်းတွင် ပျော်ရွှင်အောင်၊ တိုးတက်အောင်လုပ်ဆောင်ပေးနိုင်သည့် နိုင်ငံသားကောင်း သမီးကောင်းများသည် ဘဝတိုးတက်အောင်မြင်ရေး လမ်းကြောင်းများကို ကြိုးစားရှာ‌ဖွေ ဆောင်ရွက်ကြပါရန် အထူးမှာကြားလိုပါကြောင်း၊အနာဂတ်ရဲ့ ခေါင်းဆောင်များ ဖြစ်လာကြမည့်မျိုးဆက်သစ် လူငယ်များရဲ့ ပညာရည် မြင့်မားရေးကို ဆောင်ရွက်ရာမှာ အခြေခံပညာရေးဟာ များစွာအဓိကကျပါကြောင်း၊ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူများအား တစ်ဆင့်ပြီးတစ်ဆင့် ပညာများကို ဆက်လက်သင်ယူနိုင်ရန်အတွက် ဆရာ၊ဆရာမများအနေဖြင့် ကလေးများကျောင်းနေပျော်၍ စာတော်အောင်မည်သို့ ဆောင်ရွက်ရမည်ကို စဉ်စားရမှာဖြစ်ပါကြောင်း ဆရာမိဘများအ​နေဖြင့်အနာဂတ်ပညာ​ရေး၊ အစဉ်လှပ​ရေးအတွက် စွမ်း​ဆောင်​ပေး​စေလို​ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက်ခရိုင်ပညာရေးမှူး ဦးစိုးနိုင်က ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြင့်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း​​ပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး၊ အမှတ်(၈)​စစ်အ​​ခြေခံလေ့ကျင့်​ရေးတပ်တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်း၊ ခရိုင်ပညာ​ရေးမှူးဦးစိုးနိုင်၊ ခရိုင်ရဲတပ်ဖွဲမှူး ဒုတိယရဲမှူးကြီးစွမ်းဇာနည်၊ အမျိုးသမီး​ရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊​အထက်တန်းကျောင်းအုပ် ဆရာဆရာမကြီးများ တာဝန်ရှိသူများက ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ငွေသားဆုများအား အသီးသီး ပေးအပ်ချီးမြင့်ခဲ့ကြသည်။

ယင်းနောက် ဆုရကျောင်းသား၊ ကျောင်းသူများကိုယ်စား ၅ဘာသာဂုဏ်ထူးရှင် မအိ​​န္ဒြေမြင့်မိုလ်ဦးမှ​ ကျေးဇူးဝမ်း​မြောက်စကား​ပြောကြားပြီး​ ကျောင်းသား​ကျောင်းသူ​လေးများက ဇာတိမာန်သီချင်းသီဆိုကာ အခမ်းအနားရုတ်သိမ်းခဲ့​ကြောင်း သီချင်းသီဆို​ပေး​သော​​ကျောင်းသား/ သူများအား ဂုဏ်ပြုဆု​​​ငွေများချီးမြှင့်​ပေးခဲ့​ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်