ရေးမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

ရေး စက်တင်ဘာ ၂၃

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာနေ့ အထိမ်းအမှတ်အဖြစ် "ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို မွန်ပြည်နယ်၊ ရေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပခဲ့သည်။

ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သိမ့်သိမ့်ရည်က ယခုလိုအသိပညာပေးဆွေးနွေးပွဲ (Talk Show) များ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်လင်းလတ်လတ်လှိုင်က ကမ္ဘာ့ဆရာများနေ့ စတင်ဖြစ်ပေါ်လာပုံအကြောင်းများ၊ ဆရာ/ ဆရာမများ၏ ဂုဏ်ကျေးဇူးများ၊ မြန်မာနိုင်ငံအမြို့မြို့အနယ်နယ်တွင်လည်း ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ကို ကျင်းပရသည့်အကြောင်းများ၊ ဆရာများအား မည်သည့်အတွက်ကြောင့် အန္တနဂုဏ်းဝင်အဖြစ် သတ်မှတ်ခဲ့ပုံများ၊ ဆရာ/ဆရာမများမှ နာ(၃)နာဖြင့် ကျောင်းသား/သူများအား သင်ကြားရေးဆောင်ရွက်နေသည့် အကြောင်းများနှင့် ဆရာ/ဆရာမကြီးများ၏ ဂုဏ်ကျေးဇူးကို အမြဲသတိရစေဖို့ ရည်ရွယ်ပြီး ဒီနေရာကနေ ဆရာ/ဆရာမကြီးများအား ဂါရဝပြုကန်တော့ လိုက်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလို အထိမ်းအမှတ်နေ့များတွင်လည်း အသိပညာဗဟုသုတရရှိအောင် လူငယ်များအတွက် ယခုလို Online Talk Show များဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)