မိုးညိုမြို့၊‌ ဇောတိကရပ်ကွက်ရှိ အနော်ရထာလမ်းအား ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနူန်းပြည့်ပြီးစီး

မိုးညို   စက်တင်ဘာ  ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်(၄၈.၂၈)သန်းဖြင့်‌ ဇောတိကရပ်ကွက်ရှိ အနော်ရထာလမ်းအား ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကွန်ကရစ်လမ်းသည် အရှည်(၁၁၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၈)လက်မ၊ လမ်းပခုံး(၂)ပေရှိ ကွန်ကရစ်လမ်းအား မိုးညိုထွန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီး‌အောင်ဆောင်ရွက်ခဲ့‌ကြောင်း၊ ယခုကွန်ကရစ်လမ်းပြီးစီးပြီဖြစ်၍ အ.ထ.က(မိုးညို)ကျောင်းလမ်းဖြစ်သည့်အတွက်‌‌ ‌ကျောင်းသား၊‌ ကျောင်းသူ မိဘပြည်သူများ သွားလာရေးပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း၊ မြို့ပေါ်(၅)ရပ်ကွက်မှပြည်သူများ ကျောင်းနှင့်ဈေးသို့သွားလာရာတွင် ဖြတ်လမ်းအဖြစ်သွားလာနိုင်‌ကြောင်း၊ မြို့သန့်ရှင်းသာယာလှပပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် သွားလာရေးအဆင်ပြေလွယ်ကူမည့်အပြင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင် ပြေပြေသွားလာနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ကိုမင်း(ပြန်/ဆက်)