ကန့်ဘလူ၌ “ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး” ဆိုင်းဘုတ်စိုက်ထူ

ကန့်ဘလူ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၄)ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းအရှေ့ဘက်  စည်ပင်သာယာခန်းမ အနောက်မြောက်ဘက်ထောင့်၌ ယမန်နေ့နံနက် ၁၁ နာရီခန့်က “ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး” အသိပညာပေး ဆိုင်းဘုတ်အား တာဝန်ရှိသူများကစိုက်ထူခဲ့ကြကြောင်း သိရသည်။

အဆိုပါဆိုင်းဘုတ်စိုက်ထူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာနာဝန်ရှိသူများက ဝိုင်းဝန်းစိုက်ထူ ခဲ့ကြသည်။ အသက် ၁၈ နှစ်အောက် ကလေးအလုပ်သမားများသည် အန္တရာယ်ရှိသောလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရခြင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံခြင်းနှင့် ကလေးအလုပ်သမားများအား အကာအကွယ်ပေးနိုင်ရေးတို့အတွက် ပြည်သူများကပူးပေါင်း ကူညီဆောင်ရွက်နိုင်ရေး ရည်ရွယ်စိုက်ထူခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)