ငပုတော စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် နိုင်ငံတော်မှ လူငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့်လူငယ်ရေးရာကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်လျက်ရှိရာတွင် ကျောင်းသား/ကျောင်းသူ လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံထူးချွန်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ငပုတောမြို့နယ်၊ အမှတ်(၁)အခြေခံပညာ မူလွန်ကျောင်းတွင် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၁ နာရီ အချိန်က အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
အဆိုပါလူငယ်ရေးရာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းမြင့်က အမှာစကားပြောကြားပြီး မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာန၊ လက်ထောက် တိုင်ရင်းဆေးမှူး ဒေါ်ခင်ဌေးနွယ်က မိုးရာသီတွင် ဖြစ်ပွားတတ်သော ချောင်ဆိုး၊ နှာဆေး၊ အအေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး အကြာင်းအရာများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နုနုရီက လူငယ်စာပေဗဟုသုတ တိုးပွားစေရန် စာဖတ်ဖို့လိုကြောင်း၊ အနာဂါတ်လူငယ်များ၏ အခန်းကဏ္ဍ အလွန်အရေးကြီးကြောင်း၊ လူငယ်နှင့် ကြီးပွားရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အကျင့်စာရိတ္တ စသည့် လူငယ်ရေးရာများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်းက စားသုံးသူများအနေဖြင့် သတိပြုလိုက်နာရမည့် အချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များ စသည့်စားသုံးသူရေးရာ အသိပညာပေး အကြောင်းများကို လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အား/ကာမှူး ဒေါ်ယွန်းရွှေရည်က ကျန်းမာကြံ့ခိုင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အားကစားပြုလုပ်ကြရမည် ဖြစ်ကြောင်း အားကစား ဟူသည် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အားကစား အမျိုးအစားများ၊ လူငယ်နှင့်အားကစားဆိုင်ရာများ၊ မိမိဝါသနာပါသည့် အားကစားများကို လေ့ကျင့်သင်ကြားပေးနေသည့် လူငယ်အားကစားသိပ္ပံကို စိတ်ပါဝင်စားသူလူငယ်များ တက်ရောက်၍ ရကြောင်းစသည့် ခေါင်းစဉ်တို့ဖြင့် အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် တိုင်ရင်းဆေးပညာဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူ လေးများအား ဆေးဝါးကုသပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် မြို့နယ် အား/ကာမှူး ကအားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။ ကျောင်းသား/ကျောင်းသူများအား ကိုယ်လက်လှုပ်ရှား အားကစားများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငပုတော (ပြန်/ဆက်)