ကျောင်းကုန်း စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့အဝင်လမ်းဆုံတွင် ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်က ပြည်သူများအား နှာခေါင်းစည်း mask များ ဖြန့်ဝေပေးခဲ့ခြင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းနှင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေဝင်းနောင် တို့ကြီးကြပ်ကာ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့အစည်းများက ဒေသခံပြည်သူများအား နှာခေါင်းစည်း mask များ ဖြန့်ဝေပေးခဲ့ခြင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုရောဂါအား မပေါ့ဆကြပဲ လူစည်ကားရာ နေရာသို့ သွားလျှင်နှာခေါင်းစည်း mask ကိုတပ်ဆင်ကြစေရန် ယခုလို ဒေသခံပြည်သူများအား နှာခေါင်းစည်း mask များဖြန့်ဝေပေးခဲ့ခြင်းနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးတို့အတွက် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းအသိ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)