ကမာရွတ် စက်တင်ဘာ ၂၃
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယမန်နေ့နံနက်(၁၀:၀၀)နာရီက စာရေးဆရာမပေါက်ပေါက်နှင့် ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကမာရွတ်မြို့နယ်ရုံးမှ ဒေါ်စိမ်းလဲ့က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာမ ပေါက်ပေါက်က ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ခွေးများနှင့်ပတ်သက်ပြီးရှောင်ရန်၊ ဆောင်ရန်များနှင့် ခွေးကိုက်ခံမဖြစ်အောင်ကာကွယ်နည်းလမ်းများတို့ကို အသိပညာရရှိဖွယ်ဆွေးနွေးပြောကြား ခဲ့ကြောင်းသတင်းရရှိသည်။
စိမ်းလဲ့