ကျောက်ဖြူ စက်တင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ(B.Ed)(၅)နှစ်သင်တန်း အမှတ်စဉ်(၁၀)အတွက် သင်တန်းဝင်ခွင့်စာမေးပွဲကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဖြေဆိုခဲ့ကြသည်။
အဆိုပါသင်တန်းများဝင်ခွင့်ရစာမေးပွဲတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံဖြိုးရေးဒီဂရီကောလိပ်၏ AGTI ဘာသာအတွက် စာရင်းရှိဖြေဆိုခွင့်ရသူ ၂၀ ဦး ဝင်ရောက်ဖြေဆိုသူ ၁၇ ဦး၊ သိပ္ပံဘာသာအတွက် စာရင်းရှိ ၂၅ ဦး ဝင်ရောက်ဖြေဆိုသူ ၁၉ ဦး၊ ဝိဇ္ဇာဘာသာအတွက် စာရင်းရှိ ၁၉ ဦး ဝင်ရောက်ဖြေဆိုသူ ၁၄ ဦး ဝင်ရောက်ဖြေဆိုသူစုစုပေါင်း ၅၀ ဦးဖြေဆိုခဲ့ပြီး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(B.Ed) သင်တန်းဝင်ခွင့်စာမေးပွဲတွင် သိပ္ပံဘာသာအတွက် စာရင်းရှိ ၅၂ ဦး ဝင်ရောက်ဖြေဆိုသူ ၄၃ ဦး၊ ဝိဇ္ဇာဘာသာအတွက် စာရင်းရှိ ၅၇ ဦး ဝင်ရောက်ဖြေဆိုသူ ၄၆ ဦး ဝင်ရောက်ဖြေဆိုသူစုစုပေါင်း ၈၉ ဦးတို့မှ အင်္ဂလိပ်စာဘာသာရပ်နှင့် မြန်မာစာဘာသာရပ်များကို ဝင်ရောက်ဖြေဆိုခဲ့သည်။
အဆိုပါသင်တန်းများအတွက် ကျောက်ဖြူခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဖြေဆိုအောင်ပြီး သတ်မှတ်ထားသည့်ရမှတ်များ ရရှိသည့်ကျောင်းသား၊ ကျောင်းသူများမှ သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲဖြေဆိုကာ အောင်မြင်သူများအား ရခိုင်ပြည်နယ်တွင် လူတွေ့နှုတ်ဖြေများဖြင့် ထပ်မံဖြေဆိုရမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှသိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း