သတင်းများ

ကဝမြို့နယ်၌ (Unit Plan) စီမံကိန်းကျေးရွာများတွင် ကျွဲ၊ နွား၊ ခွာနာ၊လျှာနာရောဂါ ကာကွယ်ဆေး (အခမဲ့)ထိုးနှံခြင်း လုပ်ငန်းကွင်းဆင်းဆောင်ရွက်
Sep 24,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကဝမြို့နယ်၌ (Unit Plan) စီမံကိန်းကျေးရွာများတွင် ကျွဲ၊နွား၊ ခွာနာလျှာနာရောဂါ ကာကွယ်ဆေး (အခမဲ့) ထိုးနှံခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ပြုလုပ်
Sep 24,2022
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ရွှေဘိုခရိုင်ရုံး(Community Centre)ခန်းမတွင် က​လေးလုပ်သားပ​ပျောက်ရေး အသိပညာပေး (Talk Show)ဆောင်ရွက်
Sep 24,2022
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် က​​လေးလုပ်သားပ​ပျောက်​ရေး အသိပညာ‌ပေး(Talk Show)ကို ယမန်နေ့ ည​နေ၄နာရီအချိန်က ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။
ဖျာပုံမြို့ အထက-၂ ကျောင်းတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေး ဟောပြောဆောင်ရွက်
Sep 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဖျာပုံမြို့၊ အမှတ်(၈၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ပူးပေါင်း၍ မြို့နယ်အတွင်း ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဖျာပုံမြို့အထက- ၂ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့်
မြောက်ဦးမြို့နယ်အတွင်းရှိ ဒေသထွက် ကွမ်းသီး(အနု)များ အဝယ်လိုက် ဈေးကောင်းရ၍  ခြံပိုင်ရှင်များ အဆင်ပြေ
Sep 24,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မြောင်းဘွေကျေးရွာ၊ ကျွဲတဲကျေးရွာ၊ ငမဲပြင်ကျေးရွာ၊ ခဲမောင်းတက်ကျေးရွာ၊ ပါးတော်ကျေးရွာနှင့် အခြားသော ကျေးရွာတို့တွင် ဉယျာဉ်ခြံမြေလုပ်ကိုင်သူ ခြံပိုင်ရှင်များအနေဖြင့် ကွမ်းသီးပင်များကို စီးပွားဖြစ် အဓိကစိုက်ပျိုး လျက်ရှိပြီး ကွမ်းသီးပင်များ စိုက်ပျိုးထွက်ရှိရာ ကျေးရွာများတွင် ယခင်က ကွမ်းသီး(အနု)များကို ဝယ်ယူဆွတ်ခူး ရောင်းချမှုမရှိသော်လည်း ယခုနှစ်တွင် ရပ်ဝေးမှ ကွမ်းသီးဝယ်လက်များက မြောင်းဘွေကျေးရွာတွင်  အဝယ်ဒိုင် ဖွင့်လှစ်၍ ဝယ်ယူမှုများ ရှိလာခဲ့ပြီး ဈေးကောင်းရရှိ သောကြောင့် ကွမ်းသီးခြံပိုင်ရှင်များက ကွမ်းသီး(အနု)များ ဆွတ်ခူးရောင်းချလျက်ရှိကြောင်း သိရသည်။
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများပေးအပ်လှူဒါန်း
Sep 24,2022
အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ဒုတိုင်းမှူးဗိုလ်မှူးချုပ် ဇော်ဇော်နိုင်နှင့် တာဝန်ရှိသူများသည် နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ယနေ့နံနက် ၁၀ နာရီအချိန်တွင် ရောက်ရှိခဲ့ပြီး နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျန်းမာရေးဝန်ထမ်းများက ကြိုဆိုခဲ့ကြသည်။
ပင်လောင်းမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံဖြိုးတိုးတက်ရေး သင်တန်းကျောင်းမှ  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုအောင်မြင်သည့်  ကျောင်းသား၊ကျောင်းသူများက ဒီဂရီကောလိပ်နှင့် တက္ကသိုလ် အသီးသီးတွင် သင်တန်းဝင်ခွင့် ​ ရေးဖြေစာမေးပွဲဖြ
Sep 24,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံဖြိုးတိုးတက်ရေးသင်တန်းကျောင်းမှ ​၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုအောင်မြင်ပြီး သတ်မှတ်ထားသည့်  အောင်မှတ်များရရှိသည့် ကျောင်းသား၊ ကျောင်းသူများက ပြ​ည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) နှင့်  ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေး B.Ed (၅)နှစ်သင်တန်း အမှတ်စဉ်(၁၀) အတွက်သင်တန်းဝင်ခွင့် ​ရေးဖြေစာမေးပွဲကို အဆိုပါ သင်တန်းကျောင်းအစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
မိုင်းစံတွင် အသက်(၈၅)နှစ်အထက် သက်ကြီး လူမှုရေးပင်စင်ထောက်ပံ့ခြင်း အခမ်းအနား ကျင်းပ
Sep 24,2022
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ မိုင်းစံမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ) အတွက် မိုင်းစံမြို့အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီး လူမှုရေးပင်စင် ငွေကြေးထောက်ပံ့ခဲ့ကြောင်း သိရှိရပါတယ်၊၊