သတင်းများ

ပင်လုံမြို့၌ မိုးရာသီဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Sep 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ပင်လုံမြို့ အားကစားကွင်း၌ စက်တင်ဘာလ ၂၄ ရက် ၊ မွန်းလွဲ(၂)နာရီက ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် တက်ရောက်ပြီး အမှာစကားပြောကြားကာ ဘောလုံပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။
နေပြည်တော်ကောင်စီ၏စီစဉ်မှုဖြင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများမှ လှူဒါန်းသည့် ဆန်၊ ဆီများအား အခြေခံလူတန်းစားအိမ်ထောင်စုများထံ အခမဲ့ပေးအပ်
Sep 25,2022
နေပြည်တော်ကောင်စီ၏စီစဉ်လမ်းညွှန်မှုဖြင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများမှလှူဒါန်းသည့် ဆန်၊ ဆီများအား အခြေခံလူတန်းစားအိမ်ထောင်စုများထံ အခမဲ့ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ်ကွက်၊ ကျွန်းတောဓမ္မာရုံ၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် တောင်သာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း အခြေခံလူတန်းစားအိမ်ထောင်စုများထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း စစ်တွေမြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု
Sep 25,2022
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။
ကွတ်ခိုင်မြို့တွင်အိမ်တိုင်ရာရောက်ဘိုး/ဘွားများအားထောက်ပံ့ငွေပေးအပ်
Sep 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင် မြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ (၂၀၂၂-၂၀၂၃) ဘဏ္ဍာ‌ရေးနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) လများအတွက် အသက်(၈၅)နှစ် အထက်အဘိုး/ဘွားများအားအိမ်တိုင်ရာရောက် ထောက်ပံ‌ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ကွတ်ခိုင်မြို့ရပ်ကွက်(၁)၊ ရပ်ကွက်(၄)တို့တွင်ပေးအပ် ခဲ့ကြောင်းသိရသည်။
ကွတ်ခိုင်မြို့၊ တောင်တန်းဒေသသာသနာပြုကျောင်းတိုက်၌ သံဃာတော်နှင့်သီလရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေး
Sep 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့ တောင်တန်းဒေသသာသနာပြုကျောင်းတိုက်တွင် သီတင်သုံးတော်မူကြသည့် သံဃာတော်နှင်သီလရှင်များအား ကိုဗစ်ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်စေရေးအတွက် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျန်းမာရေးဝန်ထမ်းများက  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ဆည်မြောင်းရုံးလမ်းဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား လမ်းသွားရာတွင် ပိုမိုလွယ်ကူချောမွေ့စွာသွားလာနိုင်ရန်၊ လမ်းအသုံးပြုရာတွင် စိတ်အေးချမ်းသာမှုရရှိစေရန်နှင့်
မြဝတီမြို့၌ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ်(၄/၂၀၂၂)သင်တန်းဆင်းပွဲကျင်းပ
Sep 25,2022
ကျောင်းသား၊ ကျောင်းသူလူငယ်များရှေးဦး ပြုစုခြင်းအခြေခံအဆင့်တတ်မြောက်စေရန် နှင့်ရပ်/ရွာပြည်သူလူထုကို တစ်ဘက်တစ်လမ်းမှကူညီစောင့်ရှောက်မှု ပေးနိုင်စေရန် ရည်ရွယ်ချက် တို့ဖြင့်ကရင်ပြည်နယ်၊ မြဝတီမြို့အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းတွင် စက်တင်ဘာ ၉ ရက်မှ ၁၈ ရက်နေ့ ထိ၁၀ရက်ကြာဖွင့်လှစ် သင်ကြားပေး ခဲ့သည့် ရှေးဦးပြုစုခြင်း (အခြေခံ)အဆင့်သင်တန်းအမှတ်စဉ် (၄/၂၀၂၂)သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်၁၁နာရီကအဆိုပါ ကျောင်းခန်းမဆောင်တွင် ကျင်းပကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာရှိ သက်ကြီးဘိုးဘွားအတွက် နေအိမ်ပြုပြင်ဆောက်လုပ်ရန် အလှူငွေလှူဒါန်း
Sep 25,2022
မကွေးတိုင်း‌ဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာရှိ သက်ကြီးဘိုးဘွားအတွက် နေအိမ်ပြုပြင် ဆောက်လုပ်နိုင်ရန်အတွက်  ယမန်နေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတ အကျိုးတော်ဆောင်ဦးကျော်ဆန်းနှင့် ရပ်မိရပ်ဖများက အလှူငွေများသွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။