ပြည် စက်တင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့၊ မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့မွန်းလွဲပိုင်းက ပြည်ဆန်လှူအသင်းကြီး၏(၄၁)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို “နမော-တဿ-ဗုဒ္ဓဏာမဂါထာတော်(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီးပြည်မြို့၊ ဆံတော်ရပ်ကွက်၊ မဟာသုဒဿနာရာမ ပရိယတ္တိကျောင်းတိုက် ဦးစီးပမာနနာယ နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဏိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဘဒ္ဒန္တသေဌိလ”ထံတော်မှ ပရိသတ်အပေါင်းတို့မှ (၉)ပါးသီလခံယူဆောက်တည်ပြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာလျှောက်ထားကာ ပြည်ဆန်လှူအသင်းကြီး၏ ဥက္ကဋ္ဌဦးသန်းစိုးက လုပ်ငန်းဆောင်ရွက်ချက်များကို လျှောက်ထားသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများက ဩဝါဒါစရိယဆရာတော်ကြီးများထံ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းကြသော အလှူရှင်များအား ပြည်ဆန်လှူအသင်းကြီးဥက္ကဋ္ဌမှ ဂုဏ်ပြုလွှာများပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှလည်းကောင်း၊ တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုများမှ လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာအား ဒေသကွပ်ကဲရေးမှူးမှလည်းကောင်း၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်)၊ အမှတ်(၆၆) ခြေမြန်တပ်မဌာနချုပ်နှင့်တပ်နယ်များမှ လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအား ပန်းတောင်းတပ်နယ်မှူးမှလည်းကောင်း၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မိသားစုများမှ လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာအား တာဝန်ရှိသူတစ်ဦးမှလည်းကောင်း အသီးသီးလက်ခံရယူခဲ့ပြီး ပြည်မြို့ဆံတော်ရပ်ကွက် မဟာသုဒဿနာရာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဏိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ‘ဘဒ္ဒန္တ သေဌိလ’ က လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေပြီး သာသနာ့ဝေပုလ္လကာရီသီလရှင် ဆရာကြီးဆရာလေးများက မေတ္တာပို့သ၍ ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
အဆိုပါဆွမ်းလောင်းလှူပွဲကို ပရိယတ္တိ၊ ပရိပတ္တိ၊ ပရိဝေဒ သာသနာ(၃)ရပ်အား စောင့်ရှောက်လျက်ရှိသော ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်(၆၇၈)ကျောင်းမှ ရဟန်းသာမဏေ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်ဆန်လှူအသင်းကြီးမှ(၄၁)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ကိုစိုး(ပြည်)