သရက် စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး သရက်မြို့၌ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်း ကျင်းပသည့် လူငယ်နှင့် စွမ်းရည်သတ္တိ Talk Show ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးငြိမ်းသူ၊ စာကြည့်တိုက်မှူး ဒေါ်ဇာခြည်လွင် နှင့် ဦးမြင့်ဆွေ ပညာရေး (ငြိမ်း) Book Club အဖွဲ့ဝင်တို့မှ လူငယ်နှင့် စွမ်းရည်သတ္တိ Talk Show ဆောင်ရွက်ရာတွင် ဒုတိယဦးစီးမှူး ဒေါ်အေးငြိမ်းသူနှင့် စာကြည့်တိုက်မှူး ဒေါ်ဇာခြည်လွင်တို့က လူငယ်နှင့် စွမ်းရည်သတ္တိ ခေါင်းစဉ် အဓိပ္ပါယ်၊ စွမ်းရည်တွေ၊ သတ္တိတွေ ဗဟုတကြွယ်ဝစေဖို့ လူငယ်တွေအနေနဲ့ ဆောင်ရွက်ရမည့်များ မေးမြန်းမှုအေပေါ် Book Club (အဖွဲ့ဝင်) ဦးမြင့်ဆွေက စွမ်းရည်တွေ၊ သတ္တိတွေ၊ ဗဟုသုတတွေ လိုအပ်ပါတယ် လူငယ်တွေမှာ စွမ်းရည်သတ္တိတွေနဲ့ ပြည့်စုံနေမဲ့ ခေါင်းစဉ် ပေးထားခြင်းနှင့် စိတ်ဓါတ် စည်းကမ်းနှင့် ကိုယ့်ကျင့်တရားနှင့် လိုက်နာရမည့် စည်းကမ်းများ လိုက်နာရမည်ကို ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)