တံတားဦး စက်တင်ဘာ၂၆
တံတားဦးခရိုင် တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်စိုးဦးဆောင်ပြီး ဝန်ထမ်းများက ယနေ့န့နက်ပိုင်းက မြို့မဈေး၌ လမ်းသွား၊ လမ်းလာများနှင့် ဈေးရောင်း၊ ဈေးဝယ်များအား နိုင်ငံရေးစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေသာရင်းပုံစံ ၆၆/၆ (အထစ)နှင့် ပတ်သက်၍ အခက်အခဲများရှိပါက သက်ဆိုင်ရာမြို့နယ်လဝကရုံးသို့ သွားရောက်နိုင်ပါကြောင်း၊ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရ သည်။
အဆိုပါအသိပညာပေးထုတ်ပြန်ချက်တွင် နိုင်ငံသားစိစစ်ရေးကတ်များ၊ အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ၆၆/၆(အထစ)နှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့်နိုင်ငံသား၊ ဧည့်နိုင်ငံ သား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြုကတ် တစ်မျိုးမျိုး ကိုင်ဆောင်သူ(၅၂)သန်းကျော်အား စာရင်းသွင်းပြီးဖြစ်သဖြင့် သတ် မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ၊ ပုံစံ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်းများ ကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်ဖြေရှင်း ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးတင်စိုးမှ အသိပညာပေးပြောကြားခဲ့ ကြောင်းသိရသည်။
လူတစ်ဦးသည် ကိုင်ဆောင်ကတ်ပြား အမှတ်တစ်ခုသာရှိရမည်ဖြစ်ရာ နိုင်ငံသားစိစစ်ရေးကတ် (၁)ခုထက်ပို၍ ကိုင်ဆောင်ထားပါက သက်ဆိုင်ရာမြို့နယ်လဝကရုံးသို့ အမြန်သွားရောက်အပ်နှံရမည်ဖြစ်ကြောင်း နိုဝင်ဘာ(၁)ရက်နေ့အထိ အပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူသော နိုင်ငံသားကတ်ကိုသာ အတည်ပြု၍ ယခင်ကတ်အပိုများအား ပယ်ဖျက်သွားမည်ဖြစ်ကြောင်း၊ အလားတူ အိမ်ထောင်စု လူဦး ရေစာရင်း ပုံစံ-၆၆/၆(အထစ) (၁)ခုထက်ပို၍ ကိုင်ဆောင်ထားသူများအနေဖြင့်လည်း သက်ဆိုင်ရာ လဝကရုံးသို့ အမြန်သွားရောက်သတင်းပို့ ဖြေရှင်းဆောင်ရွက်ရေးနှင့် နောက်ဆုံးထုတ်ယူထားသော လိပ်စာ ပုံစံ-၆၆/၆ကိုသာ အတည်ပြုမည်ဖြစ်ကြောင်းသိရသည်။
ရဲတင့်