သတင်းများ

ပခုက္ကူမြို့၌ စားသောက်ကုန်များ ဘေးကင်းလုံခြုံစိတ်ချစေရေးနှင့် ထိခိုက်နစ်နာမှုမရှိစေရေး ကွင်းဆင်း စစ်ဆေး
Sep 27,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ စျေးကွက်အတွင်း ရောင်းချလျက်ရှိသော စားသောက်ကုန်များ ဘေးကင်းလုံခြုံ စိတ်ချစေရေးနှင့် စားသုံးသူပြည်သူများအား ထိခိုက်နစ်နာမှုမရှိစေရေးတို့အတွက် မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်နှင့် စတိုးဆိုင်များကို ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ကြသည်။
ခရမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး (Mask Campaign)ပြုလုပ်၍ အသိပညာပေးဆက်လက်ဆောင်ရွက်
Sep 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် BA-4 ၊ BS-5 ကာကွယ်၊ တာဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ခရမ်းမြို့အတွင်း လူစည်ကားရာနေရာများတွင်(Mask Campaign) ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကျောက်တော်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Sep 27,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို  ယနေ့၊ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်
Sep 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်လည်ပတ်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့က ငှက်တော်ဦးကျေးရွာ၊ ကောင်းစီကျေးရွာနှင့်သီးကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံများတွင် ကျင်းပပြုလုပ်ခဲ့သည်။
မန်တုံမြို့တွင် (Mask)များ အခမဲ့ ဝေငှ၍ ကျန်းမာရေးအသိပညာပေးဆောင်ရွက်
Sep 27,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးအသိပညာပေးခြင်းနှင့်(Mask)များ စနစ်တကျတပ်ဆင်နိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီအချိန်က
နမ့်ဆန်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်
Sep 27,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ ရွေ့လျားစာကြည့် တိုက်စနစ်ဖြင့် စာအုပ်များဌားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်း (၂)နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
မိုင်းရယ်၌ Social media အသုံးပြုခြင်း ကောင်းကျိုး/ဆိုးကျိုးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်
Sep 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီး၍ ယနေ့နံနက်နာရီက လူထုအခြေပြုဗဟိုဌာနတွင် Social media အသုံးပြုခြင်း ကောင်းကျိုး/ဆိုးကျိုးဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။
နမ္မတူမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်
Sep 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အတွက် မြို့နယ်ဌာနဆိုင်ရာများနှင့်