သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ကျေးရွာ(အမှန်) စာရင်းများ အတည်ပြုရွေးချယ်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Sep 27,2022
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူးရေးဆောင်ရွက်ရသော ကျေးရွာ (အမှန်)စာရင်းများ အတည်ပြုရွေးချယ်၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ်အဆင့် ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း(ဗဟို)မှ တွံတေးမြို့နယ်သို့ PPE ဝတ်စုံများလှူဒါန်းပေး
Sep 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် စက်တင်ဘာလဆန်းမှစတင်၍ ကိုဗစ်-၁၉ (Positive)လူနာစတင်တွေ့ရှိလာသဖြင့် တွံတေးမြို့နယ် ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ မြန်မာနိုင်ငံကြက်ခြေနီ အသင်း(ဗဟို)မှ ကိုဗစ်-၁၉ ရောဂါအကာအကွယ်ဝတ်စုံဖြစ်သော PPE ဝတ်စုံများလှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏၄၉၉၅အရုဏ်ဆွမ်းလောင်းလှူ
Sep 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါန ဆွမ်းလောင်းအသင်း၏ (၄၉၉၅) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၊ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပ
Sep 27,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ နယ်လှည့်စာကြည့်တိုက်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေး အသိပညာပေးပိုစတာများ စိုက်ထူ
Sep 27,2022
မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါပိုးများ ကူးစက်မှုမရှိစေရေးနှင့် ရောဂါကာကွယ်ရေးနည်းလမ်းများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေး စက်တင်ဘာ(၂၇)ရက်နံနက်(၈)နာရီက မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် လူစည်ကားသည့် နေရာ(၇)နေရာတွင် အသိပညာပေး ပိုစတာများ စိုက်ထူခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ တားဆီးကာကွယ်ရေး ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး Mask Campaign ဆောင်ရွက်
Sep 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများနှင့်
ကျောက်တန်းမြို့နယ်၊ သတင်းစာဆရာအသင်းမှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask Campaign နှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း  အိုမီခရွန် ရောဂါကူးစက်မှုမရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန်ရေးအတွက် ယနေ့နံနက်(၇)နာရီအချိန်က ကျောက်တန်းမြို့နယ်သတင်းစာဆရာအသင်းမှ ကျောက်တန်းမြို့ အလယ်ပိုင်းရပ်ကွက် ကမ်းနားလမ်းရှိ စည်ပင်သာယာမြို့မစျေးရှေ့တွင် စျေးရောင်း၊ စျေးဝယ်ခရီးသွား ပြည်သူများနှင့်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) တက်​ရောက်
Sep 27,2022
မွန်ပြည်နယ်အ​နေဖြင့် ​ကိုဗစ်-၁၉ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သော ဒေသ​အတွင်းပြည်သူများ၏ လူမှုစီးပွားဘဝအခြေအနေများကို မြှင့်တင်နိုင်ရန်ရည်ရွယ်၍  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရာတွင် ထိရောက်အောင်မြင်မှုရှိစေရေးအတွက် ပြည်နယ်နိုင်ငံ့စီးပွား မြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/၂၀၂) ကို ၂၀၂၂ ခုနှစ်၊ ယမန်​နေ့၊ မွန်းလွဲပိုင်းက