နမ့်ဆန်မြို့နယ်တွင် မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံ

နမ့်ဆန်   စက်တင်ဘာလ၂၆

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် မိဘပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်   (၁၀)နာရီအချိန်တွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းတွင်  မြို့နယ်ဆရာဝန်ကြီး၏      ကြီးကြပ်မှုဖြင့်ကျန်းမာရေးဝန်ထမ်းများ ဆရာ/ဆရာမများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း ကျန်းမာရေးစစ်ဆေးခြင်း မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံပေးပြီးနောက် မိဘပြည်သူများအား မိနစ်(၃၀)ခန့်အနားယူ စေခြင်းများ ဆောင်ရွက် ပေးခဲ့သည်။

နမ့်ဆန်မြိုနယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ (၃၃၃၀၁)ဦးနှင့် bossterထိုးနှံပြီးစီးသူ(၂၂၃၀) ဦးထိုးနှံပြီးစီးပြီဖြစ်ရာ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော မိဘပြည်သူမျာအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှသိရသည်။ မြို့အဝင် ကိုဗစ်စစ်ဆေးရေးဂိတ်၌လည်း ဆေးထိုးပြီးကြောင်း လက်မှတ်ပြသနိုင်မှသာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် တနင်္လာမှ သောကြာနေ့ ရုံးဖွင့်ရက်များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုး နှံနိုင်ပါကြောင်း မြို့နယ်ပြည်သူ့ဆေးရုံ တာဝန်ရှိသူထံမှ သိရသည်။

နမ့်ဆန်ဒေသပြန်/ဆက်