မိုင်းရယ် စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီး၍ ယနေ့နံနက်နာရီက လူထုအခြေပြုဗဟိုဌာနတွင် Social media အသုံးပြုခြင်း ကောင်းကျိုး/ဆိုးကျိုးဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။
အဆိုပါ ဆွေးနွေးရာတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မာလာက social media များဖြစ် သည့် Facebook၊ You tube၊ Viber၊ Instagram၊ Tik Tok စသည့်တို့ကို အသုံးပြုခြင်းဖြင့် ရရှိလာနိုင်သည့် ကောင်းကျိုး၊ ဆိုးကျိုးများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ အခြေခံပညာအထက်တန်းကျောင်းမှ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/သူ များတက်ရောက်ကြသည်။ ယင်းနောက် ဆွေးနွေးပွဲကိုတက်ရောက်လာသည့် ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန တွင်ပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များအား ကြည့်ရှု့လေ့လာခဲ့ ကြသည်။
မိုင်းရယ် ပြန်/ဆက်