ခရမ်း စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် BA-4 ၊ BS-5 ကာကွယ်၊ တာဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ခရမ်းမြို့အတွင်း လူစည်ကားရာနေရာများတွင်(Mask Campaign) ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ၊ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ ဆက်လက်လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ခရီးသွားဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Mask များ နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေး (Mask Campaign)ကို ပြည်သူများရောဂါကူးစက်မှုမခံရစေရေး စဉ်ဆက်မပြက်ဆောင်ရွက်လျက်ရှိပြီး လူစည်ကားရာနေရာဖြစ်သော ခရမ်းမြို့မဈေးထိပ်နှင့် လူစည်ကားရာနေရာများတွင် ခရမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးအသင်းဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခင်မောင်ရင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ မြို့နယ်မီးသက်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များက မြို့နယ်အတွင်း ဈေးဝယ်၊ ဈေးရောင်းသူများ၊ လမ်းသွား၊ လမ်းလာများခရီးသွားပြည်သူများအား စနစ်တကျ (Mask)တပ်ဆင်သွားလာရေး အသိပညာပေးနှိုးဆော်ဆောင်ရွက်ခဲ့ပြီး Mask များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ကိုမင်း (ခရမ်း)