နမ့်ဆန် စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ ရွေ့လျားစာကြည့် တိုက်စနစ်ဖြင့် စာအုပ်များဌားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်း (၂)နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်သို့ ကိုယ်တိုင်မလာနိုင်သည့် စာပေကိုချစ် မြတ်နိုးသူ မိဘပြည်သူများ စာပေကို လေ့လာဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ယခင်ငှားရမ်း ပေးထားသော စာအုပ်များ ပြန်လည်သိမ်းဆည်းပြီး စာဖတ်သူအကြိုက်တွေ့စေမည့် စာအုပ်စာစောင် အသစ်များဖြစ်သော သုတ/ရသစာအုပ်များ မဂ္ဂဇင်း၊ ရုပ်ပြများကို ပြန်လည်ဌားရမ်းပေးခဲ့သည်။ ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်များ ဌားရမ်းခြင်းကို မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ် စီမံကိန်းရုံးနှင့် မြို့လယ်ရပ်ကွက်တွင် စုရပ်အဖြစ် ရွှေလည်တိုင် ကွန်ပျူတာစာစီဆိုင်များသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)