တောင်သာမြို့နယ်တွင် ၂၀၂၂ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

တောင်သာ စက်တင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိတောင်သူများ အဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စက်တင်ဘာလ (၂၇) ရက်  မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ  ဒေသခံတောင်သူများအား ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးရာတွင် စပါး၊ မြေပဲ၊ နှမ်းစိုက်ပျိုးဧကလယ်တစ်ဧကကိုငွေကျပ်( ၁၅၀၀၀၀/-)နှုန်း၊ ယာတစ်ဧကကိုငွေကျပ်(၁၀၀၀၀၀/ )နှုန်းဖြင့် သပွတ်စုကျေးရွာရှိတောင်သူ (၇)ဦး၊  ကန်ပေါက် ကျေးရွာရှိ  တောင်သူ(၁၁)ဦး၊  စလင်္ဂသူကျေးရွာရှိ တောင်သူ(၁၉)ဦး၊   စိုက်ပျိုးဧက ပေါင်း(၁၈၄)ဧက အတွက် စုစုပေါင်း ငွေကျပ်(၁၉၂၀၀၀၀၀)သိန်းကို ကျေးရွာများရှိ  တောင်သူ(၃၇) ဦးအား  မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ ထုတ် ချေးပေးလျက်ရှိကြောင်း သိရသည်။

ကျန်ရှိသည့်  တောင်သူများအားလည်း  စိုက်ပျိုးစရိတ်ချေးငွေများကို  ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်   တောင်သာမြို့နယ်  မန်နေဂျာ  ဦးသက်ခိုင်ဇော် ထံမှသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)