မြဝတီမြို့အခြေခံပညာမူလတန်းကျောင်းတွင်အဟာရ​ပြည့်နွားနို့နှင့်ကြက်ဥတိုက်ကျွေးပေး

မြဝတီ  စက်တင်ဘာ ၂၇


ကရင်ပြည်နယ်၊ မြဝတီမြို့ဝှေ့ရှမ်းကျေးရွာအုပ်စု၊ ညောင်ကုန်းသာကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့နံနက် ၁၀နာရီအချိန်က အလှူရှင်ဦးဇော်မြင့် ဇနီးဒေါ်ခင်စန်းဝေ မိသားစုနှင့် ဦးနေဝင်းဇနီး ဒေါ်အေးသက်မွန်မိသားစုတို့မှ ကျောင်းသား၊ကျောင်းသူ ၁၃၀ ဦး တို့အား အာဟာရပြည့်နွားနို့နှင့် ကြက်ဥတို့ကို တိုက်ကျွေးလှူဒါန်းပေးကြောင်း သိရသည်။

ကလေးငယ်များ အာဟာရပြည့်ဝစေရန်နွားနို့နှင့် ကြက်ဥတိုက်ကျွေးပေးခြင်းကို မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ခရိုင်မံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် တိရ စ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးတင့်လွင်နှင့်မြို့နယ် ဦးစီးမှူး ဒေါက်တာ မင်းဝင်းအောင်၊ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှု၍ အားပေးစကားပြောကြားပေးသည်။

ထို့သို့ကလေးငယ်များအတွက် အာဟာရဖြည့်စွက်စွာတိုက်ကျွေးပေးခြင်းသည် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် အခြေခံ ပညာအဆင့် ကျောင်းနေအရွယ် ကလေးငယ် များအားလုံးအာဟာရပြည့်ဝမှုရှိစေပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင် သန်စွမ်း​မှုရှိစေရန်၊ ဦးနှောက်ဥာဏ်ရည်ဖွံ့ဖြိုးပြီးငယ်စဉ်ကပင် အာဟာရပြည့်ဝသည့် အစား အစာများစားသုံးခြင်းဖြင့် နိုင်ငံတော်အတွက်အားထားရသည့် မျိုးဆက်သစ်လူငယ်များကို မွေးထုတ်ပေးနိုင်ရန် စသည့်ရည်ရွယ်ချက်ကောင်းတို့ဖြင့် ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)