ကျောက်ဆည် စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ကာကွယ်ဆေးထိုးဌာနတွင် ယနေ့နံနက် (၉) နာရီက မွေးစအရွယ်မှ အသက် (၁၀) နှင့် အတွင်းကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကာကွယ်ဆေးများထိုးနှံပေးရာ၌ အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသာပတေးနေ့များတွင် ကာကွယ်ဆေးထိုးဌာန၌ မွေးစအရွယ်တွင် အသည်းရောင် အဝါ(ဘီ)၊ (၂) လအရွယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ပိုလီယို၊ ပြင်းထန်အဆုပ်ရောင်၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင်၊ (၄) လအရွယ်တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော၊ ပိုလီယို၊ ပြင်းထန်အဆုပ်ရောင်၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ (၆)လ အရွယ်တွင် ပိုလီယို၊ပြင်းထန်အဆုပ်ရောင်၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင်၊ (၉)လအရွယ်တွင် ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး၊ (၁) နှစ်ခွဲအရွယ်တွင် ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ ဝက်သက်ဂျိုက်သိုး၊ (၉) နှစ်အရွယ်နှင့် (၁၀) အရွယ်တို့တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများအပြင် ကိုယ်ဝန်ဆောင်မိခင်လောင်များပါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)