အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၌ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်

အုတ်တွင်း  စက်တင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစနစ်တကျမောင်းနှင်နိုင်စေရေးနှင့် ကိုဗစ်-၁၉ မျိုးကွဲသစ်ကြိုတင် တားဆီးကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍  ကျွဲပွဲမြို့အတွင်းလူစည်ကားရာနေရာတွင် ယနေ့နံနက် နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီနှင့်အဖွဲ့၀င်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးဦးအေးမင်းနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများပူးပေါင်း ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု၊ လျော့နည်းကျဆင်းပပျောက်စေရေးအတွက် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား ယာဉ်များမောင်းနှင်ရာတွင် ခါးပတ်ပတ်ပြီးမောင်းနှင်ရန်၊ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင်လည်း ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်ပြီးမှ မောင်းနှင်ရန်၊ လူနှစ်ဦးထက်ပိုမစီးရန်၊ ဘက်မှန်တပ်ဆင်ကြရန်၊ ဆိုင်ကယ်လိုင်စင်များယူဆောင်လာရန်စသည့် လိုက်နာရမည့်စည်းကမ်းအချက်များရှောင်ရန်၊ ဆောင်ရန်အချက်များကို အသိပညာပေးဆောင်ရွက်ခြင်းနှင့် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ်ကြိုတင်တားဆီးကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)စနစ်တကျတပ်ဆင်သွားလာကြရန်၊ လက်ကိုစနစ်တကျမကြာခဏဆေးကြောကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုလည်း အကြိမ်ပြည့်ထိုးနှံကြရန်စသည့် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)