ကိုကိုးကျွန်း စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ ဒေသခံပြည်သူများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် အမှတ်၂၈ ရေတပ်အခြေစိုက်စခန်း စခန်းမှူးဒုဗိုလ်မှူးကြီးချစ်ကိုကိုဦးဆောင်၍ ယမန်နေ့နံနက် ၉:၀၀ အချိန်မှစတင်ပြီး အမှတ်(၁)ရပ်ကွက်နှင့် အမှက်(၂)ရပ်ကွက်တို့တွင် ရောင်းချပေးခဲ့ကြောင်းသိရှိရသည်။
ထိုသို့ရောင်းချပေးရာတွင် တစ်အိမ်ထောင်လျှင် ကြက်ဥ ၁၀ လုံးနှုန်းဖြင့် အိမ်ထောင်စု (၁၀၁)စုအတွက် ကြက်ဥလုံးရေ ၁၁၀၀ လုံးဖြင့် လာရောက်ရောင်းချပေးခဲ့ပြီး၊ အများပြည်သူများမှာ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စည်းကမ်းတကျ စိတ်အေးချမ်းသာ ပျော်ရွှင်စွာဖြင့် လာရောက်တန်းစီဝယ်ယူခဲ့ကြောင်းနှင့် ထိုသို့ရောင်းချပေးခြင်းကို တစ်လလျှင်နှစ်ကြိမ် ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြို့နယ် (ပြန်/ဆက်)