အမျိုးသားကင်ဆာရောဂါကုသရေးဌာန၌ တစ်ရက်လျှင် စုစုပေါင်းလူနာ ၂၀၀ မှ ၄၀၀ အထိ တိုးမြှင့်ကုသပေးနိုင်တော့မည်

တာမွေ ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်၌ တည်ဆောက်လျက်ရှိသည့် ရောဂါကုသရေးဌာနတွင် တစ်ရက်လျှင် စုစုပေါင်းလူနာ ၂၀၀ မှ ၄၀၀ အထိ တိုးမြှင့်ကုသပေးနိုင်တော့မည်ဖြစ်ကြောင်း ယမန်နေ့ နံနက်ပိုင်းအချိန်က အဆိုပါအမျိုးသားကင်ဆာရောဂါကုသရေးဌာန ကျင်းပပြုလုပ်သည့် ဓာတ်ရောင်ခြည်ဖြင့် ကင်ရောဂါကုသစက်များ (Linear Accelerators-LA) စတင်အသုံးပြုခြင်းအခမ်းအနားမှ သိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စက်ခန်း(၁) ဖြစ်သည့် Radixact စက်ခန်း၊ စက်ခန်း(၂)ဖြစ်သည့် Halcyon စက်ခန်း၊ CT Simulator စက်ခန်း၊ စက်ခန်း(၃)ဖြစ်သည့် Vital Beam စက်များ၏ စက်ခန်းများရှေ့၌ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများက စက်လည်ပတ်ပုံနှင့် အသုံးပြုပုံကို ရှင်းလင်းပြသသည်။

Radixact စက်အမျိုးအစားသည် ဦးနှောက်နှင့် ကျောရိုးကင်ဆာများကလေးကင်ဆာရောဂါများအရွယ်အစားကြီးမားသည့် ကင်ဆာများကို ကုသချိန်မြန်ဆန်စွာဖြင့် ကုသနိုင်ခြင်း၊ Halcyon စက်အမျိုးအစားသည် ကင်ဆာအမျိုးအစားမျိုးစုံကို ကုသချိန်မြန်ဆန်စွာဖြင့် လူနာများစွာကိုကုသနိုင်ခြင်း၊ Vital beam က်သည် ရောင်ခြည်စွမ်းအားမျိုးစုံပြင်းအားမျိုးစုံပါဝင်သောကြောင့် လိုအပ်သလို ပြောင်းလဲအသုံးပြုနိုင်ပြီး အရေပြားကင်ဆာအပါအဝင် ကင်ဆာမျိုးစုံကို ကုသနိုင်မည်ဖြစ်သည်ထို့နောက် တက်ရောက်လာကြသူများသည် စက်ခန်းများနှင့် အထောက်အကူပုစက်တို့ကို လှည့်လည်ကြည့်ရှုကြပြီး လူနာများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ အမျိုးသားကင်ဆာရောဂါကုသရေးဌာန ငါးထပ်ဆောင်အစည်းအဝေးခန်းမ၌ အခမ်းအနားဒုတိယပိုင်းကို ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ခေတ်ကမ္ဘာတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားမှုများလာပြီး ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်းတိုးတက်များပြားလာပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပံ့ပိုးဦးဆောင်မှုနှင့်အတူ ကင်ဆာရောဂါလူနာများအတွက် အရည်အသွေးမြင့်သော ကုသမှုများကို ပြည်တွင်း၌ပင် တိုးမြှင့်ရရှိနိုင်စေရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်းတိုးတက်များပြားလာသည့် ကင်ဆာရောဂါကုသရေးလုပ်ငန်းများအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ရေတို၊ ရေရှည်စီမံကိန်းများချမှတ်ကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအလွန်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကင်ဆာရောဂါကုသဌာနများ ရာနှုန်းပြည့်လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၊ ၂၀၂၄ ခုနှစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့၌ LA စက်အသစ်တစ်လုံးစီတို့ကို တိုးချဲ့တပ်ဆင်အသုံးပြုနိုင်ခဲ့ပါကြောင်းပြည်သူ့ဆေးရုံများသာမက ပုဂ္ဂလိက ဆေးရုံငါးရုံတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသမှုလုပ်ငန်းများကို ခွင့်ပြုထားပြီး အဆိုပါဆေးရုံများတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့မှ ရွေးချယ်ပေးသော ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူရမည့် လူနာများအား အားဖြည့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် လူစွမ်းအားအရင်းအမြစ်များဖြစ်သည့် ကင်ဆာရောဂါဆိုင်ရာ အထူးကုဆရာဝန်များဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများကိုလည်း စနစ်တကျမွေးထုတ်သင်ကြားလျက်ရှိပါကြောင်း၊ ကင်ဆာရောဂါကုသရေးနှင့် သုတေသနပြုရေးအတွက် ရည်ရွယ်၍ အမျိုးသားကင်ဆာရောဂါကုသရေးဌာနကို စနစ်တကျ စီမံကိန်းချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယနေ့မှစတင်၍ LA စက်သုံးလုံးစတင်အသုံးပြုနိုင်ပြီဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများကလည်း နေ့ဆိုင်းညဆိုင်းဖြင့် အားသွန်ခွန်စိုက်ကုသပေးမှုကြောင့် တစ်ရက်လျှင် စုစုပေါင်းလူနာ ၂၀၀ မှ ၄၀၀ အထိ တိုးမြှင့်ကုသပေးနိုင်မည်ဖြစ်ပါကြောင်း၊ လူနာများစိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ရေးအတွက် သွားလာရေးနှင့် စားသောက်ရေးအဆင်ပြေအောင် စီစဉ်ပေးထားပြီး ကျန်းမာရေးဝန်ထမ်းများအတွက်လည်း ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးထားပါကြောင်း၊ ခေတ်မီဓာတ်ရောင်ခြည်ကုသစက်များ ရောက်ရှိချိန်မှစ၍ တပ်ဆင်အသုံးပြုနိုင်သည်အထိ ကူညီဆောင်ရွက်ပေးခဲ့သူအားလုံးကို အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်၏ များပြားသော ရင်းနှီးစိုက်ထုတ်မှုဖြင့် ဝယ်ယူထားသောစက်များ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ကင်ဆာရောဂါဝေဒနာရှင်များအား ရေရှည်ကုသမှုပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ ကုသမှုပေးရာတွင် ကိုယ်ချင်းစာတရား၊ အကြင်နာတရားထားရှိကာ ယဉ်ကျေးချိုသာစွာ ပြောဆိုဆက်ဆံကြရန်၊ အမျိုးသားကင်ဆာရောဂါကုသရေးဌာန အမြန်တည်ဆောက်ပြီးစီးကာ ပိုမိုတိုးတက်၍ ပြည်သူလူထုအားကိုးရသည့် ဌာနကြီးဖြစ်လာစေရန်အတွက် တက်ညီက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ” စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခချုပ်(ဆေးရုံအုပ်ကြီး/ကုသရေး)က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆောက်လုပ်ပြီးစီးသည့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ အငြိမ်းစားကျန်းမာရေးဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ အငြိမ်းစားဆေးပညာရှင်ကြီးများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)